နွေရာသီရဲ့ အပူဒဏ်ကြောင့် သင့်မျက်လုံးကို လုံးဝ

အထိခိုက်မခံပါနဲ့ ☀️⚠️

နွေရာသီမှာ မြင့်မားတဲ့ အပူရှိန်ကို ထိတွေ့ပြီးနောက် မျက်လုံးထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။

အပူရှိန်ပြင်းတဲ့ နေရောင် နဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်လုံးအတွင်းပိုင်း နဲ့ အပြင်ပိုင်းအပြင် မျက်စိကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

လူအများစုက မျက်စိကို နေရောင်တည့်တည့်စူးမှ မျက်လုံးကိုကာကွယ်ဖို့ သတိရပြီး ဘေးဘက်မှ ထိုးနေတဲ့ နေရောင်ကို သတိမထားမိဖြစ်တတ်တာကြောင့် နေပူထဲသွားမယ်ဆိုရင် မျက်စိကို မဖြစ်မနေ

ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

✅ ဒါကြောင့် နွေရာသီရဲ့ အပူဒဏ်ခံရတာ သက်သာဖို့ မျက်လုံးကို အခုလိုကာကွယ်ပေးပါ။

🕶️ နေကာမျက်မှန်

𝐔𝐕𝐀, 𝐔𝐕𝐁 နှင့် ခရမ်းလွန်ရောင်ခြည်များကို ကာကွယ်ဖို့ နေကာမျက်မှန်တပ်ပါ။

☂️👒 ထီး နှင့် ဦးထုပ် အသုံးပြုပါ

အပြင်သွားတဲ့အခါတိုင်း နေရောင်ခြည်ကို အတော်အသင့်ကာကွယ်ပေးနိုင်တဲ့ ဦးထုပ် (သို့) 𝐔𝐕 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 ပါတဲ့ ထီးကို မဖြစ်မနေ အသုံးပြုပါ။

🥤 ရေများများသောက်ပါ

ရေဓာတ်လျော့နည်းလျှင် မျက်စိခြောက်တတ်ပါတယ်။ ဒါကြောင့် ရေများများ သောက်ဖို့မမေ့ပါနဲ့။

🏡 မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့

အပူဒဏ်ကြောင့် မျက်လုံးနီရဲ ရောင်ရမ်းခြင်း ၊ ထိခိုက်ခြင်းတို့ကို ကာကွယ်ဖို့ နေအပူရှိန်မြင့်တဲ့အချိန်မှာ တတ်နိုင်သမျှ အပြင်ထွက်တာကို ရှောင်ကြဉ်ပါ။

👁️ မျက်လုံးစစ်ဆေးမှုပြုလုပ်ပါ

နွေရာသီရောက်တဲ့အခါ မျက်စိကျန်းမာရေးအခြေအနေကို စစ်ဆေးပေးတာဟာ အကောင်းဆုံးအချိန်အပိုင်းအခြားတစ်ခုပဲ ဖြစ်ပါတယ်။

မျက်လုံးဟာ မရှိမဖြစ် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တာကြောင့် ကျန်းမာရေးကို ရှေးရှုပြီး သေချာဂရုတစိုက်ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင် … 💚

✅ မျက်လုံးနဲ့ ပတ်သက်ပြီး သိချင်တာများနှင့် ဆွေးနွေးတိုင်ပင်ကုသလိုပါက ❝ 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ❞ သို့ ဆက်သွယ်ပြီး လာရောက်ကုသနိုင်ပါတယ်ရှင်။

❝ နွေးထွေးပျူငှာ စန်းသော်တာ ❞

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8

☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949

𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p

𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

#SanThawDarEyeHospital #SanThawDarClinic #SanThawDar

#OneStopService #စန်းသော်တာ #မျက်စိဆေးရုံ #မျက်စိဆေးခန်း #နွေရာသီ #Summer #မျက်စိစစ်ဆေးခြင်း #EyeHealthCheckUp #YourBrandOurDigital