Color Blind ဘာကြောင့်ဖြစ်တာလဲ?

အရောင်ခွဲခြားနိုင်စွမ်းအားနည်းတာဟာ မျက်လုံးထဲက Cone Cells လို့ခေါ်တဲ့ အရောင်အာရုံခံဆဲလ်လေးတွေ ပုံမှန်အလုပ်မလုပ်တာကြောင့် ဖြစ်ပါတယ်။

အရောင်ခွဲခြားနိုင်စွမ်းအားနည်းခြင်းဟာ ဒီ Cone Cells တွေ အပြည့်အဝမရှိတာ ဒါမှမဟုတ် ပုံမှန်အတိုင်း အလုပ်မလုပ်တာကြောင့် ဖြစ်ရတာပါ။

ဒီအခြေအနေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းနှစ်ခုကတော့-

၁) မျိုးရိုးဗီဇ (Gene) ကြောင့်ဖြစ်တာက အများဆုံးပါပဲ။ ဒါက X-chromosome လို့ခေါ်တဲ့ မျိုးရိုးဗီဇကနေတစ်ဆင့် မိဘတွေကနေ သားသမီးတွေကို လက်ဆင့်ကမ်းလာတာပါ။

၂)နောက်ပိုင်းမှဖြစ်ပေါ်လာခြင်း (Acquired): ဒါကတော့ မျက်လုံးဒါမှမဟုတ် ဦးနှောက်ကို ထိခိုက်မိတဲ့အခါ အရောင်အာရုံခံနိုင်တဲ့ အစိတ်အပိုင်းတွေ ပျက်စီးသွားရင်၊ အချို့သောရောဂါတွေ (ဥပမာ- ဆီးချို၊ ရေတိမ်၊မျက်လုံး သို့မဟုတ် ဦးနှောက်နဲ့ဆိုင်တဲ့ ပါကင်ဆန်လိုရောဂါမျိူးတွေ) ဒါမှမဟုတ် ဆေးဝါးတွေကြောင့် နောက်ပိုင်းမှာ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ရဲ့တန်ဖိုးထားရတဲ့ မျက်ဝန်းလေးတွေကို ဂရုစိုက်ပေးဖို့လိုတယ်နော်

အကယ်၍ကိုယ့်ရဲ့ မျက်လုံးလေးတွေမှာ တစ်ခုခုဖြစ်နေခဲ့ရင် “စန်းသော်တာ” ကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

❝ နွေးထွေးပျူငှာ စန်းသော်တာ ❞

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> tinyurl.com/2nfhhkx8

☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

𝐘𝐨𝐮𝐓𝐮𝐛𝐞: tinyurl.com/3vhre949

𝐕𝐢𝐛𝐞𝐫: tinyurl.com/yjryrz2p

𝐓𝐢𝐤𝐓𝐨𝐤: tinyurl.com/ms3ce4kh

#SanThawDarEyeHospital #SanThawDarClinic #SanThawDar